Instructions for Bilateral Repurchase (Repo) Agreement Transactions

The Central Bank of Myanmar authorizes bilateral repurchase (repo) transactions between commercial banks to enhance money market liquidity and asset management. Banks must execute these Kyat-denominated agreements via the CBM-NET system using Delivery Versus Payment, adhering to specified parameters including a 1-to-92-day term, agreed repo rates, and applicable haircut ratios. Counterparties must submit standardized transaction reports by 5:00 PM on the agreement date, and non-compliance or settlement failures may result in transaction suspension within the CBM-NET system.

Central Bank of Myanmar logo

Myanmar

Central Bank of Myanmar

Click to view thumbnail

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံတော်ဗဟိုဘဏ်

ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်

ညွှန်ကြားချက်အမှတ် (၁၁ /၂၀၁၇)

အကြောင်းအရာ။ ။ ဘဏ်များအကြား အစိုးရငွေချေးသက်သေခံလက်မှတ်များ (Government Securities) အား နှစ်ဦးနှစ်ဖက် ပြန်လည်ဝယ်ယူရန် သဘောတူညီချက်အရ လုပ်ဆောင်ချက်များ (Bilateral Repurchase Repo Transactions) ကိုဆောင်ရွက်ခွင့်ပြုခြင်း

၁။ ငွေရေးကြေးရေးဈေးကွက်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဘဏ်၏ ငွေဖြစ်လွယ်မှု စီမံခန့်ခွဲခြင်းကို အထောက်အကူဖြစ်စေရန် ဘဏ်များအကြား အစိုးရငွေချေးသက်သေခံလက်မှတ်များ (Government Securities) အား နှစ်ဦးနှစ်ဖက် ပြန်လည်ဝယ်ယူရန် သဘောတူညီချက်အရ လုပ်ဆောင်ချက်များ (Bilateral Repurchase Agreement (Repo Transactions) ကို ဆောင်ရွက်ခွင့်ပြုလိုက်သည်။

၂။ အဆိုပါ လုပ်ဆောင်ချက်များ ( Transactions ) ကို Global Master Repurchase Agreement (GMRA) နှင့် နိုင်ငံတကာစံသတ်မှတ်ချက်များနှင်အညီ စာချုပ်ချုပ်ဆိုပြီး၊ အောက်ပါအချက်များ ပါဝင်ရမည် -

(က) ရည်ရွယ်ချက်။ လုပ်ဆောင်ချက် ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ဖော်ပြရမည်။ (ခ) ဆောင်ရွက်မည့်ငွေအမျိုးအစား။ မြန်မာကျပ်ငွေဖြင့်သာ ဆောင်ရွက်ရမည်။ (ဂ) ဝယ်ယူမည့်ဈေးနှုန်း။ အစိုးရငွေချေးသက်သေခံလက်မှတ်အား ဝယ်ယူသူမှ ရောင်းချသူသို့ ပေးချေမည့် မြန်မာကျပ်ငွေ၏ မူလပမာဏ (Nominal Amount) ကို ဖော်ပြရမည်။ (ဃ) ဝယ်ယူသည့်နေ့။ နှစ်ဦးနှစ်ဖက်ကြား ငွေသားနှင့် အစိုးရငွေချေးသက်သေခံလက်မှတ်အား လဲလှယ်သည့် နေ့ရက်ကို ဖော်ပြရမည်။ (င) ပြန်လည်ဝယ်ယူသည့်ဈေးနှုန်း။ ပြန်လည်ဝယ်ယူမည့်နေ့တွင် အစိုးရငွေချေးသက်သေခံလက်မှတ်အား ဝယ်ယူသူက ရောင်းချသူမှ ပြန်လည်ရရှိမည့် မြန်မာကျပ်ငွေ၏ မူလပမာဏကို ဖော်ပြရမည်။ (စ) ပြန်လည်ဝယ်ယူသည့်နေ့။ အစိုးရငွေချေးသက်သေခံလက်မှတ်နှင့် ငွေသားတို့အား မှုရင်းပိုင်ရှင်ထံ ပြန်လည်ရောက်ရှိမည့် သက်တမ်းစေ့သည့် နေ့ရက်ကို ဖော်ပြရမည်။ ပြန်လည်ဝယ်ယူသည့်နေ့သည် အစိုးရငွေချေးသက်သေခံလက်မှတ်၏ သက်တမ်းစေ့မည့် နေ့ထက်စော၍ မဖြစ်ရမည်။ (ဆ) ပြန်လည်ဝယ်ယူမည့်နှုန်း (Repo Rate)။ အစိုးရငွေချေးသက်သေခံလက်မှတ်ကို ရောင်းချသူမှ ဝယ်ယူသူသို့ ပေးရမည့်(၁)နှစ်လျှင် ပေးရမည့်နှုန်း (Annual Return Rate) ကို ဖော်ပြရမည်။ (ဇ) သက်တမ်း။ ခွင့်ပြုသည့်သက်တမ်း (၁)ရက်မှ (၉၂)ရက်အတွင်း ဆောင်ရွက်ရန် ဖြစ်ပါသည်။ (ဈ) နေ့ရက်များရေတွက်သတ်မှတ်ခြင်း။ လုပ်ဆောင်ချက်(Transaction) ဆောင်ရွက်ရန်နှင့် အတိုးတွက်ချက်ရန်အတွက် နေ့ရက်များ ရေတွက်သတ်မှတ်ရာတွင် နိုင်ငံတကာစံသတ်မှတ်ချက်နှင့် တွက်ချက်ရမည်။ (ည) ရပိုင်ခွင့်အမျိုးအစား။ မြန်မာကျပ်ငွေဖြင့် ထုတ်ဝေထားသော အစိုးရငွေချေးသက်သေခံလက်မှတ်များ (အစိုးရငွေတိုက်လက်မှတ်နှင့် အစိုးရငွေတိုက်စာချုပ်များ) ဖြစ်ရမည်။ (ဋ) ရပိုင်ခွင့်အမှတ် (Asset ID)။ ပြန်လည်ဝယ်ယူမည့် အစိုးရငွေချေးသက်သေခံလက်မှတ်၏ ISIN Code အမှတ်ကို ဖော်ပြရမည်။ (ဌ) ရပိုင်ခွင့်ဈေးကွက်တန်ဖိုး (Asset Market Value)။ ပြန်လည်ဝယ်ယူမည့် အစိုးရငွေချေးသက်သေခံလက်မှတ်၏ ဈေးကွက်တန်ဖိုးပမာဏကိုဖော်ပြရမည်။ (ဍ) ဆုံးရှုံးနိုင်ခြေခန့်မှန်းနှုန်း၏အမျိုးအစား။ Haircut Ratio (Initial Margin)။ ရပိုင်ခွင့်၏ ဈေးကွက်တန်ဖိုးပေါ်တွင် အသုံးပြုသည့် ဆုံးရှုံးနိုင်ခြေခန့်မှန်းနှုန်း၏ အစားအရာနှုန်းကို ဖော်ပြရမည်ဖြစ်ပြီး၊ ၎င်းအမျိုးအစားသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော Central Securities Depository Guidelines နှင့် အညီ ဖြစ်ရမည်။

၃။ Repo Transaction များအတွက် Settlement ဆောင်ရွက်ရာတွင် CBM-NET System ရှိ DvP Function ကိုအသုံးပြု၍ စာရင်းရှင်းလင်းဆောင်ရွက်ရမည်။ ပူးတွဲ(၁)ပါ Operational Manual ပါအတိုင်း ဆောင်ရွက်ရန်လိုအပ်ပါသည်။

၄။ Repo Transaction များ ဆောင်ရွက်သည့်နေ့တွင် ပူးတွဲ(၂)ပါ တင်ပြသည့် Reporting ပုံစံများအတိုင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေရေးကြေးရေးဈေးကွက်ဌာနသို့ (၅:၀၀)နာရီ နောက်ဆုံးထားပြီး ပေးပို့ရမည်။

၅။ Bilateral Repo Transaction တွင် လွှဲပြောင်းထားသော အစိုးရငွေချေးသက်သေခံလက်မှတ်များအား ဝယ်ယူသူမှ လွှဲပြောင်း (Transfer) ပြုလုပ်၍ ပြန်လည်အသုံးပြုနိုင်ပါသည်။ သို့သော် ၎င်းအစိုးရငွေချေးသက်သေခံလက်မှတ်ကို ရောင်းချသူသို့ ပြန်လည်လွှဲပြောင်းသည့်နေ့တွင် အခြားအစိုးရငွေချေးသက်သေခံလက်မှတ်များဖြင့် အစားထိုး ဆောင်ရွက်ခြင်း မပြုရပါ။

၆။ Repo Transaction များ ပြုလုပ်သည့်ကာလအတွင်း လွှဲပြောင်းထားသော အစိုးရငွေချေးသက်သေခံလက်မှတ်များအတွက် အတိုးပေးသည့်အချိန်တွင် အဆိုပါ အစိုးရငွေချေးသက်သေခံလက်မှတ် လက်ဝယ်ရှိသူ (ဝယ်ယူသူ)ထံသို့ အစိုးရထုတ်ပေးမည်ဖြစ်ပြီး၊ ဝယ်ယူသူမှ ရောင်းချသူသို့ အဆိုပါအတိုးကို ပြန်လည်လွှဲပြောင်းပေးရမည်။

၇။ ဗဟိုဘဏ်မှသတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုမရှိပါကလည်းကောင်း၊ Repo Transaction များဆောင်ရွက်ရာတွင် Buyer / Seller တို့အကြား ဆောင်ရွက်ရမည့် Transaction များကို တစ်ဖက်ဖက်မှ ပျက်ကွက်ခဲ့လျှင်လည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှသတ်မှတ်ထားသော CSD Guidelines ပါသတ်မှတ်ချက်များကို ပျက်ကွက်ခဲ့လျှင်လည်းကောင်း ဗဟိုဘဏ်ဘဏ်၏ CBM-NET System ရှိ Repo Transaction Business အား ရပ်ဆိုင်းမည်ဖြစ်ပါသည်။

(လက်မှတ်) ၁၅.၁၂.၁၇ ဒုတိယဥက္ကဋ္ဌ (ကိုယ်စား) (သန်းသန်းဆွေ ၊ ညွှန်ကြားရေးမှူးချုပ်)

ဖြန့်ဝေခြင်း ဘဏ်များအားလုံး

မိတ္တူ ရုံးလက်ခံ/မျှော်စာတွဲ


CENTRAL BANK OF MYANMAR

A. Overview of Repo Transaction (T-Bonds /Bills collateral)

Bank A and Bank B agree to enter into a Repurchase Agreement (Repo) transaction via CBM- NET. Bank A (the seller) sells T-Bonds / Bills to Bank B at origination and simultaneously commits to buy them back at maturity of the transaction at an agreed price. Bank B (buyer) buys T-Bonds / Bills from Bank A at origination and simultaneously commits to sell them back at maturity of the transaction at an agreed price.

[Diagram: Origination (T-Bond/Bill Seller (MMK receiver) Bank A -> T-Bond/Bill (sales) -> Bank B (T-Bond/Bill buyer (MMK sender)) / MMK -> Bank A (T-Bond/Bill buyer (MMK sender)) <- T-Bond/Bill (repurchase) <- Bank B (T-Bond/Bill seller (MMK receiver)) / MMK+repo rate]

B. Overview of step-by-step guideline for CBM-NET

Bank A and Bank B must follow the steps indicated in the operating manual to execute the Repo transaction via CBM-NET.

[Flowchart: Application to CSD (one-off) -> Negotiation and Repo contract agreement -> Reporting of transaction to CBM -> Execution of transaction at origination -> Execution of transaction at maturity]

Step 1. Application to Central Securities Depository (CSD) (one-off)

Banks must apply to become CBN-NET CSD Participant to be able to transfer their T-Bonds and T- Bills with CSD, by signing and delivering to the CBM the application form included in Annex 2 of the 'CSD Guidelines'. After CBM approval, banks are eligible to register their T-Bonds and T-Bills in the CSD.

Example Banks A and Bank B want to enter into a Repo contract. Bank A and Bank B sign and deliver to the CBM the application form for the CBM-NET CSD.

Step 2. Negotiation and Repo contract agreement

The two counterparties negotiate and reach agreement on the Repo transaction parameters. The bilateral agreement must define the minimum parameters indicated by the 'Market guidelines for Repo transactions' issued by the CBM.


Step 3. Reporting of transaction to CBM

On the day of the bilateral agreement contract signing, both parties are required to report the transaction details to the CBM. Both Bank A and Bank B fill in the relevant reporting template (see 'Reporting Template for Interbank Market' defined by CBM) and submit their templates to the CBM by 5:00 pm.

Example On the day of the bilateral agreement, Bank A reports to CBM the following template:

[Table: Interbank Repurchase Agreement (Repo)]

Step 4. Execution of transaction at origination

Through the CBM-NET, banks can transfer their T-Bonds and T-Bills registered in the CSD to execute Repo transactions. Banks can transfer T-Bonds/ T-Bills on a DVP (Delivery Versus Payment) basis, where T-Bonds/ T-Bills transfer and correspondent MMK fund settlement are executed simultaneously by CBM-NET.

In case of DVP transaction (preferred option), one bank initiates the transaction and the other party confirms the execution of the transaction on the day of the agreed value date.

Order 1 - Transfer of T-Bonds/ T-Bills: Bank A (the bank selling T-Bonds/ T-Bills and receiving the MMK liquidity) initiates the order via the 'DVP request' form [D010]. Once the order is received including both the details of the T-Bonds/ T-Bills transfer and of the MMK liquidity transfer, CBM-NET sends a notification to Bank B (the bank buying T-Bonds/ T-Bills in exchange of MMK liquidity).

Order 2 - Transfer of MMK: Bank B (the bank buying T-Bonds/ T-Bills in exchange of MMK liquidity), after having received the notification from CBM-NET, confirms the transactions via the 'DVP instruction' form [D020] and the CBM-NET executes the DVP settlement.

The transaction will be executed when CBM-NET confirms the T-Bonds/ T-Bills account balance and the MMK account balance are sufficient. The system then sends a notification message to both banks confirming the transaction execution.

2