2015-06-24
The Central Bank of Myanmar has amended Instruction No. 16/2015 to reduce the per-transaction foreign currency cash withdrawal limit for authorized dealer banks from USD 10,000 to USD 5,000, capping cash withdrawals at twice per week and mandating account transfers for amounts exceeding this threshold. The directive maintains exemptions for government departments, embassies, UN and international organizations, and foreign investment companies, allowing them to withdraw larger sums upon submission of a signed request detailing the purpose and amount. This adjustment aims to preserve national foreign currency reserves while ensuring liquidity for key institutional and corporate clients.
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံတော်ဗဟိုဘဏ်
ညွှန်ကြားချက်အမှတ်(၁၉/၂၀၁၅)
ရက်စွဲ၊ ၂၀၁၅ခုနှစ်၊ ဇွန်လ ၁၉ ရက်
အကြောင်းအရာ။ ။ ညွှန်ကြားချက်အမှတ်(၁၆/၂၀၁၅)အား ဖြေလျှော့ခြင်းကိစ္စ
၁။ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် ဘဏ်များအနေဖြင့် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ထားသူများ၏ ဘဏ်စာရင်းမှ နိုင်ငံခြားငွေ၊ ငွေသားထုတ်ပေးရာတွင် တစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ(၁၀၀၀၀) သာထုတ်ပေးရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က(၂၄-၄-၂၀၁၂)နှင့်(၄-၇-၂၀၁၂) ရက်နေ့တွင် ညွှန်ကြားချက်အမှတ်(၁၀/၂၀၁၂) နှင့်(၁၃/၂၀၁၂)ဖြင့်သတ်မှတ်ခဲ့ပါသည်။
၂။ သို့သော် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရဘဏ်များတွင် နိုင်ငံခြားငွေ စုဆောင်းအသုံးပြု လာရောက်ထုတ်ယူသည့် အခြေအနေအရပ်ရပ်ကိုထိန်းသိမ်းရန် အတွက်(၁၇-၅-၂၀၁၅)ရက်နေ့တွင် ညွှန်ကြားချက်အမှတ်(၁၆/၂၀၁၅)ဖြင့် အစိုးရဌာနများ၊ သံရုံးများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှလွဲ၍ ရက်သတ္တပတ်တွင် နှစ်ကြိမ်ထက်မပိုစေဘဲ တစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ (၅ ၀၀၀) ထုတ်ပေးရန်နှင့် ယင်းပမာဏထက်ကျော်လွန် ထုတ်ယူလိုပါ က စာရင်းလွှဲနည်းဖြင့်သာ ဆောင်ရွက်ရန်ညွှန်ကြားခဲ့ပါသည်။
၃။ ညွှန်ကြားချက်အမှတ်(၁၆/၂၀၁၅)တွင်ပါရှိသော အစိုးရဌာနများ၊ သံရုံးများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့ကဲ့သို့သော ကုလသမဂ္ဂအောက်ရှိအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ ကပါ နိုင်ငံခြားငွေသားထုတ်ယူလိုလျှင် ထုတ်ယူလိုသည့် အကြောင်းပြချက်နှင့် ထုတ်ယူလိုသော ငွေပမာဏဖော်ပြလျက် ယင်းအဖွဲ့အစည်း၏ အဓိကတာဝန်ရှိသူမှ လက်မှတ်ရေးထိုး
-၂-
တင်ပြလာပါ ကအဆိုပါကန့်သတ်ချက်ထက်ကျော်လွန်၍ ထုတ်ပေးခွင့်ပြုကြောင်း အကြောင်းကြားပါသည်။
(ပုံ) (ကျော်ကျော်မောင်) ဥက္ကဋ္ဌ (ကိုယ်စား) (ဆက်အောင်၊ ဒုတိယဥက္ကဋ္ဌ)
ဖြန့်ဝေခြင်း နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (Authorized Dealer Licence ) ရ ဘဏ်များအားလုံး မိတ္တူကို ဥက္ကဋ္ဌရုံး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အတွင်းရေးမှူး၊ ၁။ ရိုက်တာအဖွဲ့၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရုံးလက်ခံ မျှော်စာတွဲ