Reserve Requirement Penalty Instruction

The Central Bank of Myanmar has established a penalty framework for commercial banks that fail to maintain the mandated 5 percent minimum reserve requirement. The penalty is calculated using the central bank discount rate, automatically deducted from bank accounts within ten days of the maintenance period, and paid in Myanmar kyat using the official USD exchange rate for foreign currency deposits. Repeat offenders receive graduated penalty reductions of 60 percent for first offenses, 80 percent for second offenses, and full payment for third or subsequent violations.

Central Bank of Myanmar logo

Myanmar

Central Bank of Myanmar

Click to view thumbnail

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံတော်ဗဟိုဘဏ်

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်

ညွှန်ကြားချက်အမှတ် (၁၂/၂၀၁၆)

အကြောင်းအရာ။ ။ အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်လျော့နည်းခြင်းအတွက် ဒဏ်ကြေးသတ်မှတ်ခြင်း

၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၄၉ နှင့် ပုဒ်မ ၁၁ ပါ ပြဋ္ဌာန်းချက်များအရ ဘဏ်များမှထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်ကို အပ်ငွေစုစုပေါင်း၏ ၅ ရာခိုင်နှုန်းထားရှိရန် ညွှန်ကြားချက်အမှတ် (၁၀/၂၀၁၅) ဖြင့်သတ်မှတ်ခဲ့ပါသည်။

၂။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၉၆ နှင့် ပုဒ်မ ၉၇ တို့အရ သတ်မှတ်သည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အား ပျက်ကွက်သောဘဏ်က ပေးဆောင်ရမည့် ဒဏ်ကြေးအားအောက်ပါအတိုင်းသတ်မှတ်လိုက်သည် -

(က) အနည်းဆုံးသီးသန့်ငွေလိုအပ်ချက် ထားရှိရန်ပျက်ကွက်ခြင်းအတွက် ပေးဆောင်ရမည့်ဒဏ်ကြေးမှာ - ထိန်းသိမ်းမှုကာလအတွင်း လျော့နည်းသည့်ပမာဏအပေါ် ဗဟိုဘဏ်လျော့နှုန်း (Discount Rate) ၏ (၂) ဆဖြင့် အောက်ပါအတိုင်းတွက်ချက်ကောက်ခံမည် - ၂/၁၂ x ပမာဏလျော့နည်း(၁၀%) x ထိန်းသိမ်းမှုကာလနောက်ဆုံးရက်ရှိလျော့နည်းသည့်ပမာဏ

(ခ) နိုင်ငံခြားငွေတစ်ရပ်ရပ်ဖြင့်ထားရှိရသည့် အပ်ငွေများအတွက် ညီမျှသော အမေရိကန်ဒေါ်လာဖြင့် ထားရှိရမည့်အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်ပမာဏ ပြည့်မီမှုမရှိခြင်းအတွက် ဒဏ်ကြေးအားမြန်မာကျပ်ငွေဖြင့် ပေးဆောင်ရမည်။ အမေရိကန်ဒေါ်လာမှ မြန်မာကျပ်ငွေသို့ ပြောင်းလဲတွက်ချက်ရာတွင် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်ထိန်းသိမ်းမှုကာလ နောက်ဆုံးရက်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်းကို အသုံးပြုရမည်။

(ဂ) အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်ထားရှိရန် ပျက်ကွက်သည့် ဘဏ်သည် ပထမအကြိမ်ပျက်ကွက်ခြင်းအတွက် ပေးဆောင်ရမည့်ဒဏ်ကြေး၏ ၆၀ ရာခိုင်နှုန်း၊ ဒုတိယအကြိမ်ပျက်ကွက်ခြင်းအတွက် ပေးဆောင်ရမည့်ဒဏ်ကြေး၏ ၈၀ ရာခိုင်နှုန်း

J

နှင့် တတိယအကြိမ်နှင့် အထက်ပျက်ကွက်ခြင်းအတွက် ဒဏ်ကြေး၏ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝပေးဆောင်ရမည်။

(ဃ) ပေးဆောင်ရမည့်ဒဏ်ကြေးငွေအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရှိ ဘဏ်၏ငွေစာရင်းမှ ထိန်းသိမ်းမှုကာလပြီးဆုံးပြီး ၁၀ ရက်အတွင်းအလိုအလျောက်ဖြတ်တောက်ရယူမည်။

၃။ ထို့အပြင် ပျက်ကွက်သောဘဏ်များအား နိုင်ငံခြားငွေလဲလှယ်ဝင်ရောက်ခြင်း၊ အပ်ငွေလောလဝင်ရောက်ခြင်း၊ ဘဏ်ခွဲဖွင့်လှစ်ခြင်းနှင့် ချေးငွေထုတ်ချေးခြင်းတို့အပေါ်ကန့်သတ်ချက်များရှိပါက စီမံခန့်ခွဲမှုဆိုင်ရာပြစ်ဒဏ် ချမှတ်နိုင်ပါသည်။

၄။ ဤညွှန်ကြားချက်သည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်။

(ပုံ) ၁၄/၉/၂၀၁၆ ဥက္ကဋ္ဌ(ကိုယ်စား) (ခင်စောဦး၊ ဒုတိယဥက္ကဋ္ဌ)

ဖြန့်ဝေခြင်း နိုင်ငံပိုင်ဘဏ်များ ပုဂ္ဂလိကဘဏ်များ နိုင်ငံခြားဘဏ် ဘဏ်ခွဲများ

မိတ္တူကို ဥက္ကဋ္ဌရုံး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားချက်တွဲ ရုံးလက်ခံ