The Central Bank of Myanmar’s Currency Management Department has issued Instruction No. 2 (2017–2018) mandating state and private banks to systematically identify, document, and store counterfeit currency notes received from depositors. Branch managers must complete standardized forms capturing depositor details, note specifications, and transaction records, then forward the verified notes to local police stations while retaining copies for internal audit. Banks are further required to submit accurate monthly and annual summaries of all stored counterfeit notes to the Central Bank’s headquarters in Naypyidaw to ensure consistent regulatory oversight and record-keeping.
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံတော်ဗဟိုဘဏ်
ရက်စွဲ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂ ရက်
ငွေကြေးပြန်ကြားစာအမှတ် - ၂ /၂၀၁၇-၂၀၁၈
အကြောင်းအရာ။ ငွေတုအစုနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရန်ကိစ္စ ရည်ညွှန်းချက်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၂၃-၅-၂၀၁၇)ရက်စွဲပါငွေကြေးပြန်ကြားစာအမှတ်-၁/၂၀၁၇-၂၀၁၈
၁။ နိုင်ငံပိုင်နှင့်ပုဂ္ဂလိကဘဏ်များသည် Customer များမှ ပေးသွင်းငွေများတွင် ငွေတုအစုများတွေ့ရှိပါက ပေးသွင်းလာသူအမည်၊ အမျိုးသားမှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာအပြည့်အစုံ၊ အကြောင်းအရာအစုံလင်ရေးပြု လိုအပ်သလို စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ငွေတုအစုအား စိစစ်ရယူစခန်းသို့ ပေးပို့ရန်နှင့် ရည်ညွှန်းချက်ပါငွေကြေးပြန်ကြားစာတွင် ညွှန်ကြားထားပြီးဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍ နိုင်ငံပိုင်နှင့်ပုဂ္ဂလိကဘဏ်များအနေဖြင့် ငွေတုအစုများ တွေ့ရှိပါက ငွေပေးသွင်းလာသူအား အတုဖြစ်ကြောင်း ပြသရှင်းလင်း၍ နောက်ဆက်တွဲ(က)ပါအတိုင်း ပေးသွင်းလာသူအမည်၊ အမျိုးသားမှတ်ပုံတင်အမှတ်၊ ဖခင်အမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာနှင့်ဖုန်းနံပါတ်၊ ငွေတုအစုလက်ခံရရှိပုံ၊ ငွေတုအစုအမျိုးအစား၊ ရွက်ရေ၊ တန်ဖိုးနှင့် အက္ခရာနံပါတ်များကို ပြည့်စုံမှန်ကန်စွာဖြည့်စွက်ပြီး ငွေတုပေါ်တွင် ငွေတုအစု ဟူသောတံဆိပ်ကို အမှတ်အသားပြု၍ ဘဏ်သို့သိမ်းဆည်းကာ မှတ်တမ်းတင်၍ ပေးသွင်းသူထံ ပြန်လည်ပေးအပ်ရမည်။
၃။ ဘဏ်ခွဲတာဝန်ခံသည် နောက်ဆက်တွဲ(က)ပါပုံစံဖြင့် သိမ်းဆည်းထားသော ငွေတုအစုများကို နောက်ဆက်တွဲ(ခ)ပါပုံစံအတိုင်း ပြည့်စုံမှန်ကန်စွာဖြည့်စွက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် သက်ဆိုင်ရာမြို့နယ်ရဲစခန်းသို့ ပေးပို့အပ်နှံပြီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေကြေးလုပ်ငန်းစီမံခန့်ခွဲမှုဌာနနှင့် သတင်းနှင့်လုံခြုံရေးဌာနတို့သို့ မိတ္တူပေးပို့သွားရမည်။
၄။ နိုင်ငံပိုင်နှင့်ပုဂ္ဂလိကဘဏ်များသည် စုစုပေါင်းသိမ်းဆည်းခဲ့သော ငွေတုအစုများ၏ လချုပ်နှင့်နှစ်ချုပ်စာရင်းအား သက်ဆိုင်ရာဘဏ်များ၏ချုပ်မှ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေကြေးစီမံခန့်ခွဲမှုဌာန၊ နေပြည်တော်သို့ မပျက်မကွက် ပေးပို့သွားရန် ညွှန်ကြားပါသည်။
(ပုံ) ဒုတိယဥက္ကဋ္ဌ(ကိုယ်စား) (အောင်ကျော်သန်း၊ ညွှန်ကြားရေးမှူးချုပ်)
ဖြန့်ဝေခြင်း နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များအားလုံး မိတ္တူကို ရုံးလက်ခံ / မျှောစာတွဲ
1: Currency Instruction (2)
နောက်ဆက်တွဲ(က)
--------------------ဘဏ် --------------------ဘဏ်ခွဲ
ရက်စွဲ၊
ငွေတုအစုသိမ်းဆည်းမှုမှတ်တမ်း
အထက်ဖော်ပြပါ ဖြည့်စွက်ခဲ့သည့်အချက်များမှာ မှန်ကန်ပါသည်။
( ပေးသွင်းသူ ) ( လက်ခံသူ ) ( ဘဏ်ခွဲတာဝန်ခံ )
နောက်ဆက်တွဲ(ခ)
--------------------ဘဏ် --------------------ဘဏ်ခွဲ
စာအမှတ်၊ ရက်စွဲ၊
သို့ စခန်းမှူး --------------------မြို့နယ်
--------------------မြို့နယ်၊ --------------------ရပ်ကွက်၊ --------------------လမ်း၊ အိမ်အမှတ်/တိုက်အမှတ် --------------------နေ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်/ နိုင်ငံကူးလက်မှတ်အမှတ် -------------------- ကိုင်ဆောင်သူ ဦး/ဒေါ် -------------------- မှ ဘဏ်သို့ လာရောက်ပေးသွင်းရာတွင် ငွေတုအစုများကို စိစစ်တွေ့ရှိရ သဖြင့် လိုအပ်သလို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန် ပေးပို့အပ်ပါသည်။
| စဉ် | အမျိုးအစား | အက္ခရာနံပါတ် | ရွက်ရေ | တန်ဖိုး | မှတ်ချက် |
|---|---|---|---|---|---|
| : | |||||
| စုစုပေါင်း |
ဘဏ်ခွဲတာဝန်ခံ
မိတ္တူကို ငွေကြေးလုပ်ငန်းစီမံခန့်ခွဲမှုဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်(နေပြည်တော်/ရန်ကုန်/မန္တလေး) သတင်းနှင့်လုံခြုံရေးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်(နေပြည်တော်/ရန်ကုန်/မန္တလေး) ရုံးလက်ခံ / မျှောစာတွဲ