2021-11-18
Added · Updated
The Central Bank of Myanmar issued Directive No. 22/2019 to standardize interbank money market transactions, explicitly defining fund providing and receiving activities including bilateral lending, deposits, and repurchase agreements. Financial institutions must execute these transactions in Myanmar kyat or US dollars with a maximum one-year term, apply interest-bearing structures, adhere to prescribed haircut ratios for collateral, and ensure maturities align with business days. Banks are further mandated to report all transactions daily through the FIDES system by 4 PM, with receiving banks confirming data by 5 PM, while reporting failures trigger enforcement actions under the Financial Institutions Law of 2014.
Get CBM alerts — same-day email on every new publication.
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်
ညွှန်ကြားချက်အမှတ်(၂၂/၂၀၁၉)
အကြောင်းအရာ။ ။ ဘဏ်အချင်းချင်း ငွေကြေးဈေးကွက်ဆောင်ရွက်ချက် (Interbank Money Market Transaction) များ ဆောင်ရွက်ခွင့်ပြုခြင်း
ရည်ညွှန်းချက်။ ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏(၈.၄.၂၀၁၆)ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၄/၂၀၁၆)
၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့်ဘဏ် ငွေဖြစ်လွယ်မှုစီမံခန့်ခွဲခြင်းကို အထောက်အကူဖြစ်စေရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ၊ ပုဒ်မ(၄၀)(စ)အရ ငွေကြေးဈေးကွက်ဆောင်ရွက်ချက်များ စနစ်တကျနှင့်ပြေပြစ်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဘဏ်အချင်းချင်း ငွေကြေးဈေးကွက်ဆောင်ရွက်ချက် (Interbank Money Market Transaction) များကို အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရန် သတ်မှတ်လိုက်သည် -
(က) ငွေထုတ်ပေးခြင်း(Fund Providing)တွင် ဘဏ်အချင်းချင်း ငွေထုတ်ချေးခြင်း (Bilateral Interbank Lending)၊ ဘဏ်အချင်းချင်း အပ်နှံငွေထားရှိခြင်း (Interbank Deposit Placing) နှင့် Bilateral Repurchase Agreement (Repo) ဖြင့် အစိုးရငွေချေးသက်သေခံလက်မှတ်များ ဝယ်ယူခြင်းများပါဝင်သည်။
(ခ) ငွေလက်ခံခြင်း (Fund Receiving) တွင် ဘဏ်အချင်းချင်း ငွေချေးယူခြင်း (Bilateral Interbank Borrowing)၊ ဘဏ်အချင်းချင်း အပ်နှံငွေလက်ခံခြင်း (Interbank Deposit Receiving) နှင့် Bilateral Repurchase Agreement (Repo)ဖြင့် အစိုးရ ငွေချေးသက်သေခံလက်မှတ်များ ရောင်းချခြင်းများပါဝင်သည်။
၂။ ဘဏ်အချင်းချင်းငွေကြေးဈေးကွက်ဆောင်ရွက်ချက် (Interbank Money Market Transaction) များ ဆောင်ရွက်ရာတွင် အောက်ပါအတိုင်းဆောင်ရွက်ရမည်-
(က) သက်တမ်း(၁)နှစ်ထက်မပိုသည့် ငွေထုတ်ပေးခြင်းနှင့် ငွေလက်ခံခြင်းနည်းလမ်းများကို မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာနှစ်မျိုးဖြင့် ဆောင်ရွက်နိုင်သည်။
(ခ) နှစ်ဦးနှစ်ဘက်ပြန်လည်ဝယ်ယူရန် သဘောတူညီချက်အရ လုပ်ဆောင်ချက်များ [Bilateral Repurchase Agreement (Repo) Transactions] ကို ဆောင်ရွက်ပါ
J
က မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၁၅.၁၂.၂၀၁၇) ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၁၁/၂၀၁၇) နှင့်အညီ လိုက်နာဆောင်ရွက်ရမည်။
(ဂ) Transaction တစ်ခု၏ သက်တမ်းငွေရောက်သည့်နေ့ရက် (Maturity Date) သည် ဘဏ်အလုပ်ရက် (Business Day) တွင်သာ ကျရောက်စေရန် သတ်မှတ်ရမည်။ ဘဏ်ပိတ်ရက်တွင်ကျရောက်ပါက ယင်းပိတ်ရက်၏ ရောက်ရှိသည့် ပြောင်းရွှေ့ သတ်မှတ်ရန်ဖြစ်သည်၊၊ သက်တမ်း(၁)နှစ်ရှိ Fixed Deposit များအတွက် ရက်ပေါင်း ၃၆၅ ရက် (ရက်ထပ်နှစ်ဖြစ်ပါက ရက်ပေါင်း ၃၆၆ ရက်) ထက်မပိုဘဲ သတ်မှတ်ရမည်။
(ဃ) အတိုးနှုန်းပါရှိသည့်ပုံစံ (Interest Bearing Form) ဖြင့် ဆောင်ရွက်ရန်ဖြစ်ပြီး၊ အာမခံနှင့် အာမခံမဲ့ နှစ်မျိုးလုံးဖြင့် ဆောင်ရွက်နိုင်သည်၊၊
(င) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၁၅.၁၂.၂၀၁၈) ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၁/၂၀၁၈) သည် ဘဏ်များမှ ဆက်သွယ်ဆောင်ရွက်နေသည့် (Customer) များသို့ ထုတ်ချေးသော ချေးငွေနှင့် စုဆောင်းငွေများအတွက် လိုက်နာရန် ညွှန်ကြားထားခြင်းဖြစ်သည်၊၊ ဘဏ်အချင်းချင်းချေးငွေ (Interbank Lending) သည် ညွှန်ကြားချက် ၁/၂၀၁၈ နှင့် သက်ဆိုင်ခြင်းမရှိပါ။ သို့ဖြစ်၍ ဘဏ်အချင်းချင်း ဆောင်ရွက်ရာတွင် ငွေထုတ်ပေးသည့်ဘဏ် (Fund Providing Bank) နှင့် ငွေလက်ခံသည့်ဘဏ် (Fund Receiving Bank) တို့နှစ်ဘက်သဘောတူသည့် အတိုးနှုန်းဖြင့် ဆောင်ရွက်နိုင်သည်။
(စ) အစိုးရငွေချေးသက်သေခံလက်မှတ်များကို အာမခံအဖြစ် အသုံးပြုပါက မြန်မာ နိုင်ငံတော်ဗဟိုဘဏ် Central Securities Depository Guidelines ပါ Haircut သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ရန်ဖြစ်သည်၊၊ အမေရိကန်ဒေါ်လာကို အာမခံ အဖြစ် အသုံးပြုပါက Haircut အနည်းဆုံး ၅ % ထက်မနိမ့်စေဘဲ နှစ်ဘက် သဘောတူညီသည့် Haircut ဖြင့်ဆောင်ရွက်ရမည်။
(ဆ) Interbank Money Market Transaction ကို အာမခံယူခြင်းမပြုသည့် ပုံစံဖြင့် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (၇.၇.၂၀၁၇) ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၁၈/၂၀၁၇) နှင့်အညီ ပမာဏကြီးမားသော ငွေကြေးဆိုင်ရာ စည်းမျဉ်းကို လိုက်နာဆောင်ရွက်ရမည်။
(ဇ) ဤညွှန်ကြားချက်အရဆောင်ရွက်ချက်များကို IAS 32 နှင့် IFRS 9 ပါ သတ်မှတ်ချက်များအတိုင်း စာရင်းတင်ဆောင်ရွက်ရမည်။
၂
၃။ ဘဏ်အချင်းချင်းငွေကြေးဈေးကွက်ဆောင်ရွက်ချက်များ (Interbank Money Market Transaction) များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ FIDES (Financial Information Data Exchange System) ၏ Interbank Reporting Template ကိုအသုံးပြု၍ အောက်ပါအတိုင်း Transaction ရှိသောနေ့တွင် စတင်ပေးပို့ရမည်-
(က) Interbank Transaction ဆောင်ရွက်ရန် သဘောတူညီသည့်နေ့ရက် (Trade Date) တွင်ငွေထုတ်ပေးသည့်ဘဏ် (Fund Providing Bank) မှ အချက်အလက် များကို ပြည့်စုံစွာရေးသွင်း၍ ညနေ (၄)နာရီ နောက်ဆုံးထားပေးပို့ရမည်။ (သက်တမ်းစေ့သည့်နေ့တွင် ထပ်မံသတင်းပေးပို့ရန် မလိုအပ်ပါ။)
(ခ) ငွေလက်ခံသည့်ဘဏ် (Fund Receiving Bank) သည် ငွေထုတ်ပေးသည့်ဘဏ်မှ ဖြည့်သွင်းထားသည့် အချက်အလက်များမှန်/မမှန် ရှိ/မရှိ ညနေ (၅) နာရီ နောက်ဆုံးထား၍ စစ်ဆေးအတည်ပြုပေးရမည်။ ငွေထုတ်ပေးသည့်ဘဏ် အချက် အလက်များဖြည့်သွင်းမှုမှားယွင်း (သို့မဟုတ်) မှားယွင်း (သို့မဟုတ်) ဖြည့်စွက်မှုမရှိခြင်းများအတွက် ငွေထုတ်ပေးသည့်ဘဏ်သို့ ဆက်သွယ်ပြီး၊ အချိန်မီဆောင်ရွက်နိုင်ရန် အသိပေးရမည်။
(ဂ) ဘဏ်၏ငွေဖြစ်လွယ်မှုစီမံခန့်ခွဲခြင်း (Liquidity Management) အရ ဘဏ်အချင်းချင်းများအချင်းချင်း သက်တမ်းသတ်မှတ်ချက် (Fixed Maturity Date) ပါရှိ သည့်ငွေထုတ်ပေးခြင်း/ငွေလက်ခံခြင်းများအတွက် Transaction Date တွင် ဆောင်ရွက်ရမည်။ (ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများ (Customer) အတွက် ငွေထုတ်ပေးခြင်း / ငွေလက်ခံခြင်းများကို သတင်း ပေးပို့ရန် မလိုပါ။)
(ဃ) သက်တမ်းစေ့သည့်နေ့တွင် သက်တမ်းထပ်တိုးမြှင့်ခြင်း (Roll-over Transactions) ရှိပါက ဆောင်ရွက်ချက်အသစ် (New Transaction) အနေဖြင့် တင်ပြရမည်။
၄။ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ(၇၇)အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ Interbank Transaction ဆိုင်ရာကိစ္စရပ်များအား မှန်ကန်စွာ အစီရင်ခံတင်ပြရမည်။ ငွေရေးကြေးရေး အဖွဲ့အစည်းများသည် Interbank Reporting ပေးပို့ရန် ပျက်ကွက်ပါက ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေ (၂၀၁၄) ပါ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းခံရမည်။ အစီရင်ခံ တင်ပြရာတွင် မှားယွင်းခြင်း၊ ပျက်ကွက်ခြင်း၊ နောက်ကျခြင်းများပေါ်ပေါက်ပါက မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်သည့် သတင်းအချက်အလက်များ ဈေးကွက်ကို အချိန်မီထုတ်ပြန်ခြင်းနှင့် ဈေးကွက်ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်စေနိုင်သည့်အတွက် ဘဏ်များ အနေဖြင့် ဤညွှန်ကြားချက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရန်လိုအပ်သည်။
၄
၅။ (၁၅.၁၂.၂၀၁၇)ရက်စွဲပါ ညွှန်ကြားချက်(၁၁/၂၀၁၇)၏ အပိုဒ်(၄)အအား ဤညွှန်ကြား ချက်ပါ သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၈.၄.၂၀၁၆)ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၄/၂၀၁၆)အား ဤညွှန်ကြားချက်ဖြင့် လွှမ်းမိုးလိုက်သည်။
(လက်မှတ်)
ဒုတိယဥက္ကဋ္ဌ(ကိုယ်စား)
(မြင့်မြင့်ကြည်၊ ညွှန်ကြားရေးမှူးချုပ်)
ဖြန့်ဝေခြင်း
ဘဏ်များအားလုံး
မိတ္တူကို
ရုံးလက်ခံ/မျှောစာတွဲ
Note from RegAlert. AI assistants can read this document in full, and search 70,000+ more, through the RegAlert MCP connector (https://mcp.regalert.today/mcp). Free with an account. How to connect ChatGPT, Claude or Cursor.
Read the rest free
Source: Central Bank of Myanmar — original document · Summary generated with machine assistance and reviewed before publication; the authoritative text is the regulator's original document. How RegAlert works
More like this from CBM
We email you every new CBM publication the day it's published.